Monday, 27 September 2010

အမျိုးသားဒီမိုကရေစီအင်အားစု (သင်္ဃန်းကျွန်းမြို့နယ်) ရွေးကောက်ပွဲအောင်နိုင်ရေးလှုတ်ရှားမှုများ

အမျိုးသားဒီမိုကရေစီအင်အားစု (သင်္ဃန်းကျွန်းမြို့နယ်) ရွေးကောက်ပွဲအောင်နိုင်ရေးလှုတ်ရှားမှုများ

















































Thursday, 23 September 2010

နိုဝင်ဘာ(၇)မှာမဲပေးတာ ကောင်းလား?သပိတ်မှောက်တာကောင်းလား?နှင့် ပယ်မဲ(၈)မျိုး


နိုဝင်ဘာ()မှာမဲပေးတာ ကောင်းလား?သပိတ်မှောက်တာကောင်းလား?နှင့် ပယ်မဲ()မျိုး
by ရွာဆော် ကြီး on Thursday, September 23, 2010 at 7:58pm
၂၀၁၀ ရွေးကောက်ပွဲအား နီဝင်ဘာ()ရက်နေ့တွင်ကျင်းပတော့မည်ဖြစ်ရာ မိမိထည့်သွင်းသော မဲလက်မှတ်အား ပယ်မဲဟု သဘောသက်ရောက်စေသည့်ရွေးကောက်ပွဲကော်မရှင် ပယ်မဲပုံစံ()မျိုးအားတင်ပြလိုက်ရပါသည်..............
မိမိပေးသောမဲတပြားသည် စာရွက်တရွက်ဟုသာယူဆရသော်လည်း နိုဝင်ဘာ()ရက်နေ့တွင်
ကျင်းပမည့် ရွေးကောက်ပွဲမှအသိအမှတ်ပြုသောမဲပေးခြင်းစနစ်သည်အခြားနိုင်ငံများမှကျင့်သုံးသော မဲပေးခြင်းစနစ်တို့ နှင့်ကိုက်ညီမှုမရှိသည်ကိုတွေ့ရသည်။အခြားနိုင်ငံများတွင်မဲဆန္ဒနယ်တနယ်တွင်းနေထိုင်သည်
ဆန္ဒမဲပေးပိုင်ခွင့်ရှိသောလူဦးရေ၏ရာခိုင်နှုန်း(၅၀)မှ
ဆန္ဒမဲပေးမှသာရွေးကောက်ပွဲအားအတည်ပြုသည်ဟုသတ်မှတ်ကျသော်လည်း
မြန်မာနိုင်ငံ၏ရွေးကောက်ပွဲတွင်မှုမည်သည့်မဲဆန္ဒနယ်တွင်ဖြစ်စေ မဲပေးမည့်သူ ()ယောက်သာမဲထည့်ပါကလည်း ရွေးကောက်ပွဲအတည်ဖြစ်သည်ဟု
 သတ်မှတ်ထားသောကြောင့် သပိတ်မှောက်မည်ဟုယူဆနေကြသော
 နိုင်ငံရေးသမား၊ရေဒီယိုနားထောင်ကာ အတွေးချော်နေကြသည့်
 လူတတ်ကြီးတို့ သတိပြုဖွယ်ရာဖြစ်သည်။ 
ဥပမာ...မရမ်းကုန်းမြို့နယ်၏ပြည်သူ့လွှတ်တော်မဲဆန္ဒနယ်တွင် USDPနှင့်NDF တို့မှ ကိုယ်စားလှယ်()ဦးစီဝင်ရောက်ယှဉ်ပြိုင်ကြသည်။သပိတ်မှောက်နိုင်ငံရေးသမားတို့၏
စည်းရုံးမှုအားကြော့င့် မရမ်းကုန်းတမြို့နယ်လုံးရွေးကောက်ပွဲအားသပိတ်မှောက်ကြသည်။
ထို့ကြောင့် NDF ပါတီမှ ကိုယ်စားလှယ်လောင်းသည်မဲတမဲမှမရရှိပေ...သို့သော် USDP မှကိုယ်စားလှယ်ကမှု၎င်း၏ချစ်ဇနီးကမဲတမဲပေးသောကြောင့် ထိုမဲတမဲအသာဖြင့် USDP မှကိုယ်စားလှယ်လောင်းက ပြည်သူ့လွှတ်တော်သို့ရောက်ရှိသွားရသည်။
စဉ်းစားတတ်ရန်လိုအပ်ပေသည်။။မိမိအနေဖြင့် ဘယ်သူလွှတ်တော်ထဲရောက်တာမကောင်းပါ။ဘယ်သူရောက်ရင်တော့ကောင်းတယ်ဆိုသည်ကို ရွှေဥာဏ်တော်ဖြင့်စဉ်းစားကြရန်လိုပေသည်။Anti.Election Proposal ဖြင့် ချမ်းသာသွားမည်မှာ မည်သူဇြစ်သည်ကိုစဉ်းစားသင့်ပါသည်။မြန်မာနိုင်ငံတွင်းနေထိုင်သော နိုင်ငံသားများအနေဖြင့်ရွေးကောက်ပွဲအားမည်သို့ပင်ဖြစ်စေလက်ခံရမည်ဖြစ်ပြီး ထိုအကျိုးတရားအား လက်တွေ့ခံစားရမည်မှာ မိမိတို့ပင်ဖြစ်သည်ကိုသတိချပ်သင့်သည်။ထို့ရွေးကောက်ပွဲတွင်
မဲပေးခြင်း(သို့)၊သပိတ်မှောက်ခြင်းအကျိုးတရားအား ၂၀၁၁ တွင်ခံစားရမည်ဖြစ်သည်။ဥပမာတွင်ပြောထားသည့်အတိုင်း မဲပေးခြင်းဖြင့်ဘာအကျိုးရှိသည်
။မဲမပေးခြင်းဖြင့် ဘယ်လောက်အကျိုးရှိသည်ကို လက်တွေ့အခြေအနေဖြင့်စဉ်းစားသင့်ပေသည်။
                   နိုဝင်ဘာ()ရက်နေ့တွင် ကျင်းပသောရွေးကောက်ပွဲတွင် ဆန္ဒမဲပေးမည့်သူများအနေဖြင့်မိမိပေးသော မဲလက်မှတ်အားပယ်မဲမဖြစ်စေရန်
ရွေးကောက်ပွဲကော်မရှင်မှသတ်မှတ်ထားသော ပယ်မဲ()မျိုးကို ပြောပြပေးပါမယ်
                     ၁။ကော်မရှင်မှအတည်ပြုထားသော အမှတ်အသားမပါရှိသည့်မဲလက်မှတ်
                     ၂။မဲရုံမှုးလက်မှတ်မပါသည့်မဲလက်မှတ်
                     ၃။ကိုယ်စားလှယ်လောင်းတစ်ဦးထက်ပို၍ဆန္ဒပြုထားသည့်မဲလက်မှတ်
                     ၄။ဆန္ဒပြုထားခြင်းမရှိသည့် မဲလက်မှတ်
                     ၅။မဲလက်မှတ်အတုဖြစ်သည်ဟု မဲရုံမှုးမှသတ်မှတ်သည့်လက်မှတ်
                     ၆၊ဆန္ဒပြုထားခြင်း မသေချာ၊မထင်ရှားသည့်လက်မှတ်
                     ၇။ဆန္ဒမဲပေးသူအားသိရှိအောင်ပြုလုပ်ထားသည့်လက်မှတ်
                     ၈။ဆုတ်ဖြဲထားသည့်လက်မှတ် 

                                                    သည်()ချက်ကိုသေချာကြည့်လျှင် မဲရုံမှုးအား အာဏာပေးထားသည်မှာများပြားကြောင်းတွေ့မြင်နိုင်သည်။
္မဤရွေးကောက်ပွဲတွင် စစ်အစိုးရအနေဖြင့် အနိုင်ရအောင်နည်းမျိုးစုံသုံးမည်မှာသေချာသည်ပင်ဖြစ်သည်။
နယ်ဒေသများတွင်ပင် USDP အားမဲထည့်ရန် ပိုက်ဆံပေး၍၎င်း၊ခြိမ်းခြောက်၍၎င်း ပြုမှုနေသည်ကိုတွေ့ရသည်။ရွေးကောက်ပွဲတွင်မဲရုံအားစောင့်ကြပ်မည့်မဲရုံကိုယ်စားလှယ်သည် သူတို့လူများကိုပင်ရွေးချယ်ခန့်ထားသည်ဖြစ်ရာ မိမိတို့၏မဲလက်မှတ်များသည်မည်သို့မှအပြစ်အနာအဆာမရှိစေရန် အရေးကြီးပါကြောင်း................

                                                                                    by ရွာဆော် ကြီး

Monday, 20 September 2010

ဒီမိုကရေစီအင်အားစုပါတီတွေနဲ့ကိုယ်စားလှယ်လောင်းတွေကိုကူညီနိုင်မယ့် နည်းလမ်းကောင်း................


ဒီမိုကရေစီအင်အားစုပါတီတွေနဲ့ကိုယ်စားလှယ်လောင်းတွေကိုကူညီနိုင်မယ့် နည်းလမ်းကောင်း................
by ရွာဆော် ကြီး on Sunday, September 19, 2010 at 3:01am
ဒီနေ့ကနေစပြီးရေတွက်မယ်ဆိုရင် ရွေးကောက်ပွဲရက်ကို ရောက်ရှိဖို့ ရက်ပေါင်း(၅၀)သာလိုပါတော့တယ်။

 အတည်ပြုချက်ကိုရရှိတဲ့ကိုယ်စားလှယ်လောင်းတွေအနေနဲ့ ကျန်ရှိတဲ့ရက်ပေါင်း(၅၀)နဲ့ သူတို့ယှဉ်ပြိုင်မယ့် မဲဆန္ဒနယ်မှာ သူတို့ရဲ့ပြိုင်ဘက် ကျောထောက်နောက်ခံကောင်းတဲ့ပါတီတွေနဲ့ယှဉ်ပြိုင်ဖို့ဆိုတာ မလွယ်လှပါဘူး။
USDP လို လမ်းလည်းမခင်းပေးနိုင်ပါဘူး။ပါတီကိုထောက်ခံတဲ့လူတွေကို ဆိုင်ကယ်လည်းမပေးနိုင်ပါဘူး၊CDMA 450 လည်းမချပေးနိုင်ပါဘူး။
ဒါပေမယ့် သူတို့ရင်ထဲမှာရှိတာက ပြည်သူတွေအတွက် မေတ္တာတရားပါ။သူတို့တွေ တပ်ဦးကနေဦးဆောင်လိုက်လို့ ပြည်သူတွေအဆင်ပြေပြီဆိုရင် ၀မ်းသာနေတာက သူတို့ရဲ့ ရင်တွင်းဖြစ်ပါ။သူတို့စိုက်တဲ့ အပင်က အသီးအပွင့်ကို မစားရရင်နေ..သူများစားနေတာကိုမုဒီတာပွားနေမယ့် လူတွေလည်းဖြစ်ပါတယ်။သူတို့တွေဟာနှစ်ပေါင်းများစွာ ဒီမိုကရေစီနဲ့လူ့အခွင့်အရေးအတွက် မားမား မတ်မတ်ရပ်တည်ခဲ့သူတွေလည်းဖြစ်ပါတယ်။
ဒါပေမယ့် တိုက်ပွဲက စတော့ပါမယ်။ရန်သူက ကျည်ထိုးထားပြီးပြီ။သူတို့မှာ က ကျည်မပြောနဲ့ လက်နက်တောင် ဘယ်နေရာက ရမယ်မှန်းမသိပါဘူး။
ကိုယ်စားလှယ်လောင်းတဦးဟာ သူဝင်ရောက်ယှဉ်ပြိုင်မယ မဲဆန္ဒနယ်မှာသူ့အတွက်(က)ကိုယ်စားလှယ်(သို့)အောင်နိုင်ရေးမန်နေဂျာ ထားရှိရပါမယ်။
()ရုံးခန်းဖွင့်လှစ်ရပါမယ်။()လိုအပ်တဲ့စာရေးကိရိယာတွေဝယ်ယူရပါမယ်။()ရုံးခန်းအတွက် အနည်းဆုံး စာရေး()ယောက်ထားရှိရပါမယ်။()မဲဆွယ်စည်းရုံးဖို့ နေရာ၊ဟောပြောမယ့်နေရာငှားရမ်းရပါမယ်။()သူ့ရဲ့အကြောင်းကို ပြည်သူတွေသိအောင် လက်ကမ်းစာရွက်တွေဝေငှရပါမယ်၊()ရွေးကောက်ပွဲကျင်းပတဲ့နေ့မှာ မဲရုံကိုယ်စားလှယ်အဖြစ်ကူညီမယ့် ပြည်သူတွေ(သို့)ပါတီဝင်တွေကို သင်တန်းပေးရပါမယ်။()ရွေးကောက်ပွဲကျင်းပတဲ့နေ့မှာ မဲရုံကိုယ်စားလှယ်တွေကို ထမင်းစရိတ်၊လမ်းစရိတ်ပေးရပါမယ်။
ဒါတွေဟာ ကိုယ်စားလှယ်လောင်း တယောက် မဖြစ်မနေ ကုန်ကျမယ့် စရိတ်တွေပါ။
ဒီကိစ္စတွေလုပ်ဆောင်ဖို့ အတွက် ကိုယ်စားလှယ်လောင်းအချို့မှာသာလုံလောက်တဲ့အင်အားရှိမယ်လို့ထင်ပါတယ်။ဒါပေမယ့် ကျန်ရှိတဲ့ကိုယ်စားလှယ်လောင်းအများစုကတော့ သူတို့ရဲ့ဖြတ်သန်းရမယ့် ရက်ပေါင်း(၅၀)ကိုမျှော်ကြည့်ရင်းရင်လေးနေကြရမှာ အမှန်ပါပဲ။တိုက်ပွဲကိုနိုင်အောင်တိုက်မယ့် လူတစ်ယောက်အဖို့ အနောက်က အင်အားမရှိတာ ၀မ်းနည်းစရာပါ။
ဒီအတွက်ကြောင့် ကျွန်တော်တို့အနေနဲ့ ကိုယ်စားလှယ်လောင်းတွေကို ဘယ်ပုံဘယ်နည်းနဲ့ ကူညီကြရမယ်ဆိုတာ တွေးတတ်ရပါတော့မယ်။
အထက်မှာတင်ပြခဲ့တဲ့ အချက် ()ချက်မှာ ဘယ်အချက်ကို ငါဝင်အားဖြည့်လိုက်ရင် ငါကြိုက်တဲ့ကိုယ်စားလှယ်လောင်း၊ငါ့နယ်မှာဝင်ရွေးမယ့်ကိုယ်စားလှယ်လောင်းဘယ်လိုသက်သာသွားမယ်ဆိုတာ မြင်တတ်ရပါလိမ့်မယ်။
ကျွန်တော်တင်ပြခဲ့တဲ့ အချက်()ချက်လုံးမှာ အဓိကအချက်ဖြစ်တဲ့ Key တစ်ခု ဟာ အချက်()ချက်ကိုပြေလည်သွားစေနိုင်ပါတယ်။
ဘာလဲဆိုတော့ လူတိုင်းလူတိုင်းဟာ မိမိရဲအသိစီတ်နဲ့မဲရုံကိုယ်စားလှယ်တာဝန်ကို ကိုယ့်စားရိတ်နဲ့ကိုယ် ၀ိုင်းဝန်းကူညီပေးခြင်းပါပဲ။
နိုင်ငံနဲ့လူမျိုးရဲ့ကံကြမ္မာကိုဆုံးဖြတ်ပေးနိုင်မယ့်နိုဝင်ဘာ()ရက်နေ့တစ်ရက်တည်းမှာ မိမိနှစ်သက်သဘောကျတဲ့ပါတီက ကိုယ်စားလှယ်လောင်းအတွက် မဲရုံကိုယ်စားလှယ်အဖြစ်လုပ်ကိုင်ပေးခြင်းဟာ မိမိရဲ့အကျိုးစီးပွားကို ဆိုးရွားစွာထိခိုက်ခြင်းမရှိဘဲ မိမိတိုင်းပြည်အား ကောင်းသော အပြောင်းအလဲအဖြစ်ရောက်ရှိအောင် တွန်းပို့လိုက်တာဖြစ်ပါတယ်။မိမိအနေဖြင့် တစ်ရက်တာမဲရုံကိုယ်စားလှယ်အဖြစ်တိုင်းပြည်တာဝန်ထမ်းဆောင်ခြင်းဖြင့် မိမိထောက်ခံတဲ့ကိုယ်စားလှယ်လောင်းအတွက် ကုန်ကျစရိတ်ကိုလျော့ချနိုင်မည့်အပြင် မဲရုံကိုယ်စားလှယ်အရည်အတွက် ပြည့်မီအောင် ရှာဖွေခြင်းအားအချိန်ကုန်သက်သာစေပြီး အောင်နိုင်ရေးအတွက်အာရုံပိုမိုစိုက်နိုင်ကာ မိမိ၏အကျိုး၊မိမိပတ်ဝန်းကျင်၏အကျိုးကို ကောင်းမွန်စွာဆောင်ကြည်းပေးနိုင်မှာဖြစ်ပါတယ်။
                         ကျွန်တော်တင်ပြတဲ့ မဲရုံကိုယ်စားလှယ်ကိစ္စဟာလူတစ်ဦးချင်းအတွက်အရေးမကြီးပေမယ့် နိုင်ငံတစ်ခုရဲ့အလှည့်အပြောင်းမှာ လွန်စွာမှပင်အရေးပါပါတယ်။ဒီမိုကရေစီကျင့်ထုံးဆိုင်ရာ ကိစ္စရပ်မှာမဲပေးခြင်းကို ရင်းနှီးပြီးသာ နိုင်ငံများမှာတောင် တိကျမှန်ကန်မှုရှိအောင်Computing system ဖြင့် မဲရေတွက်ခြင်းကို ပြုလုပ်နေချိန်မှာ ကျွန်တော်တို့ နိုင်ငံလို အာဏာရှင်အုပ်စိုးတဲ့နိုင်ငံမှာ ကျင်းပမယ့် ရွေးကောက်ပွဲမှာ မဲရေတွက်မှုစနစ်ဟာ ဘယ်လောက်များတိကျမယ်ဆိုတာ ပြောလို့မရပါဘူး။
                         ဒီအတွက် Key Player တွေက ဒီမိုကရေစီဘက်တော်သားတွေဖြစ်တဲ့ မဲရုံကိုယ်စားလှယ်တွေပါပဲ။သူတို့ရဲ့ အင်အား၊သူတို့ရဲ့ လုပ်ဆောင်ချက်နဲ့သာ တိုင်းပြည်ကို ကောင်းသောအပြောင်းအလဲသို့ ဆောင်ယူသွားနိုင်မှာဖြစ်ကြောင်း.......................

                                                                                      by ရွာဆော် ကြီး

Saturday, 18 September 2010

တပ်ဦးကအလံကိုင်နေတဲ့ဒီမိုကရေစီအမတ်လောင်းတွေကိုကူညီကြရအောင်.................

တပ်ဦးကအလံကိုင်နေတဲ့ဒီမိုကရေစီအမတ်လောင်းတွေကိုကူညီကြရအောင်.................
by Ywarsaw Gyi on Saturday, September 18, 2010 at 2:16am
ကျွန်တော်တို့မြန်မာနိုင်ငံမှာ နှစ်ပေါင်း(၂၀)အတွင်း ပထမဆုံးအကြိမ် စစ်တပ်ရဲ့အစောင့်အရှောက်နဲ့ လမ်းညွှန်ဒီမိုကရေစီကို ဖော်ဆောင်ဖို့ကြိုးစားနေတဲ့အချိန်ကာလလည်းဖြစ်ပါတယ်။
ဒီအချိန်မှာ ပါတီတွေဟာ တွေ့ကြုံရတဲ့အခက်ခဲတွေကလည်း မျိုးစုံကိုကြုံတွေ့နေရပါတယ်။ကြုံတွေ့နေရတဲ့အခက်အခဲတွေအပြင်ရွေးကောက်ပွဲကော်မရှင်ကထုတ်ပြန်တဲ့ စည်းကမ်းချက်တွေဟာ နဂိုကတည်းက အင်အားချည့်နဲ့နေတဲ့ပါတီတွေကို အသက်ရှုကျပ်စေခဲ့ပါတယ်။
လက်ရှိပါတီတွေမှာကြုံတွေ့နေရတဲ့ အခက်အခဲကို လေ့လာကြည့်ရင်
ပထမပိုင်းက ရွေးကောက်ပွဲကော်မရှင်က ထုတ်ပြန်တဲ့စည်းမျဉ်းစည်းကမ်းတွေဒါက အပြင်ကလာတဲ့ဖိအားတွေပေါ့
ဒုတိယပိုင်းက ပါတီတွေရဲ့ရန်ပုံငွေပိုင်း ဒါက သူတို့ရင်ဆိုင်နေရတဲ့ အတွင်းပိုင်းပြဿနာပါ။
                  ရွေးကောက်ပွဲကော်မရှင်က ပါတီတိုင်းအတွက် မှတ်ပုံတင်ကြေး ပေးရတဲ့ကိစ္စနဲ့စပြီး ပါတီတိုင်းကိုငွေကြေးပြဿနာနဲ့ရင်ဆိုင်ခိုင်းပါတယ်။နောက်ထပ်လာတာက ရွေးကောက်ပွဲမှာဝင်ရောက်ယှဉ်ပြိုင်မယ့် ကိုယ်စားလှယ်လောင်းတဦးရဲ့ မှတ်ပုံတင်ကြေး()သိန်းပါ။ကိုယ်စားလှယ်လောင်းတွေဟာ မှတ်ပုံတင်ဖို့ လုပ်ဆောင်ရတာက ()သိန်းအပြင် မြန်မာနိုင်ငံရဲ့ ထုံးစံအရ ဘာကြေးညာကြေးနဲ့ စုစုပေါင်း()သိန်းဝန်းကျင်ကုန်ကျပါတယ်။အဲဒီအခါ စကြုံတွေ့ရတာက တိုင်းပြည်နဲ့လူမျိုးအတွက် နှစ်ပေါင်းများစွာလုပ်လာတဲ့ နိုင်ငံရေးသမားတွေဟာမရရင် ရတဲ့နေရာကနေ တိုင်းပြည်နဲ့ပြည်သူအတွက်လုပ်မယ်ဆိုပြီး ရွေးကောက်ပွဲဝင်ဖို့ပြင်ဆင်တော့ ရွေးကောက်ပွဲဝင်ရင်ကုန်ကျမယ့် စရိတ်ကိုသူတို့မတတ်နိုင်ကြဘူး။ဒါက သူတို့ဘ၀တလျှောက်လုံးနိုင်ငံနဲ့လူမျိုးကို ပေးဆပ်ခဲ့တာတွေရဲ့ရလဒ်ပါ။ဒါကြောင့် ရွေးကောက်ပွဲဝင်မယ့်ကိုယ်စားလှယ်လောင်းတွေ ဟာ လိုအပ်တဲ့ပိုက်ဆံကို အတိုးကြီးကြီးနဲ့ချေးရပါတယ်။၊ပါတီတွေဆီကလည်း ထောက်ပံ့ကြေးတွေရအောင် မျက်နှာချိုသွေးရပါတယ်။ဒါပေမယ့် မှုဝါဒတွေမတူတော့ အောက်ကြို့ခံရတာတွေရှိပါတယ်။တချို့ပါတီတွေကလည်းကိုယ်နဲ့မတူတဲ့မှုဝါဒတွေကိုကိုင်စွဲထားတဲ့ ကိုယ်စားလှယ်တွေကို ငြင်းပယ်ခဲ့တာတွေလည်းရှိပါတယ်။ကိုယ်စားလှယ်လောင်းတွေကို စာရင်းတင်ဖို့ နောက်ဆုံးသတ်မှတ်ရက်(၈ လပိုင်း၃၀ရက်)အမှီကြိုးစားနေတဲ့ ကိုယ်စားလှယ်လောင်းတွေဟာ သူတိုလိုအပ်တဲ့ပိုက်ဆံကို ပါတီကလည်းမထောက်ပံ့နိုင်၊ငွေတိုးချေးတဲ့လူကလည်း ဖိအားအမျိုးမျိုးကြောင့်ငွေမချေူပေးနိုင်ဘူး။ဒါကြောင့် လာမယ့်ရွေးကောက်ပွဲမှာ ၀င်ရောက်ယှဉ်ပြိုင်မယ့်မဲဆန္ဒနယ်(၈၄)နယ်မှာ ယှဉ်ပြိုင်သူမရှိဘဲ USDP လက်သို့ ထိုးအပ်လိုက်ရသည်။ကျွန်တော်စဉ်းစားမိသည်အမေရိကန် သမ္မတ ကနေဒီက (ပြည်သူတိုင်းသည် ၎င်းတို့နှင့်ထိုက်တန်သည့်အစိုးရကိုသာရရှိကြသည်)ဟူသောစကားအား ပြောခဲ့သည်မှာမှန်ပေသည်ဟူသောအတွေးပင်ဖြစ်သည်။ကျွန်တော်တို့နိုင်ငံသားများမြုပ်နှံခဲ့သော အကျိုးအမြတ် သည် ၂၀၁၁ တွင် ပြန်လည်လက်ခံရမည်မှာသေချာသလောက်ပင်ဖြစ်သည်။
ယခုအချိန်ကာလသည် နိုင်ငံရေးပါတီများ၊တစ်သီးပုဂ္ဂလများ မဲဆွယ်စည်းရုံးမှုစတင်ရတေ့မည့်အချိန်ကာများဖြစ်သည်။ရွေးကောက်ပွဲတွင် ၀င်ရောက်ယှဉ်ပြိုင်သော ကိုယ်စားလှယ်လောင်းများသည် မိမိတို့၏မဲဆန္ဒနယ်တွင် စည်းရုံးရေးလုပ်ငန်းစဉ်များစတင်ရတော့မည်ဖြစ်သည်။ ရွေးကောက်ပွဲကော်မရှင်မှ သတ်မှတ်ထားသောစည်းကမ်းများတွင် ဟောပြောပွဲများအား အားကစားကွင်း၊ခန်းမများတွင်သာပြုလုပ်ရမည်၊လော်စပီကာမသုံးရ၊ဆောင်းဘောက်သာသုံးရမည်။တက်ရောက်မည့်ဧည့်သည်စာရင်းအား ခရိုင်ကော်မရှင်နဲ့လုံခြုံရေးအဖွဲ့သို့တင်ပြရမည်ဖြစ်ပြီးရပ်ရွာလုံခြုံရေးအတွက် ဟောပြောပွဲသို့ လုံခြုံရေးတပ်ဖွဲ့များမှလာရောက်စောင့်ကြပ်မည်ဖြစ်ပြီး
ပွဲတက်ရောက်သူများအား မှတ်တမ်းတင်ထားမည်ဖြစ်သည်။ထိုစည်းကမ်းချက်များအား ချပြထားသည်မှာ မဲဆွယ်စည်းရုံးပွဲများသို့ ပြည်သူများလာရောက်ခြင်းမရှိစေရန်ရည်ရွယ်ကြောင်း ကိုယ်စားလှယ်လောင်းများမှ တညီတညွတ်တည်းသုံးသပ်ကြသည်။ထို့အချက်များကြောင့် ပါတီအသီးသီးမှရွေးကောက်ပွဲဝင်မည့်ကိုယ်စားလှယ်လောင်းများကသော်၎င်း၊တစ်သီးပုဂ္ဂအမတ်များကသော်၎င်း စည်းရုံးရေးဆင်းမည့်ပုံစံမှာ မိမိတို့၏မဲဆန္ဒနယ်တွင် အိမ်တိုင်ရာရောက် သွားရောက်ကာပြည်သူနှင့်တိုက်ရိုက်တွေ့ဆုံမည်ဖြစ်ပြီး၊၎င်းတို့၏ ကိုယ်ရေးရာဇ၀င်၊၎င်းတို့၏အမှတ်တံဆိပ်များအားဝေငှမည်ဖြစ်သည်။ကိုယ်ရေးရာဇ၀င်ဝေငှရာတွင် ကုန်ကျစရိတ်မှာ ပန်းဖလက် တရွက်လျှင်  ၁၀၀ နုန်းကျသင့်မည်ဖြစ်ပြီး သော့ချိတ်တစ်ခုအတွက်မှု ၁၀၀ကျပ်ကျသင့်မည်ဖြစ်သည်။ထို့ကြောင့်ကိုယ်စားလှယ်လောင်းတစ်ယောက်အနေဖြင့်ဥပမာ(လူဦးရေ ၁သိန်းခွဲရှိသော မြို့နယ်တစ်ခုတွင်လူ(၁၅)ဦးလျှင် ()ရွက် သော့ချိတ်တစ်ခုနှုန်းဖြင့် ဝေငှလျှင် သိန်း(၂၀)ကုန်ကျမည်ဖြစ်သည်။ဒါတောင်သွားလာရေးစရိတ်မပါသေးပါ။နိဝင်ဘာ()ရက်နေ့တွင်ကျင်းပမည်ဖြစ်သော ရွေးကောက်ပွဲတွင် မဲပေးမည့်သူ(၃၀၀)ရှိလျှင် မဲရုံ()ရုံဆောက်လုပ်ပြီး ထိုမဲရုံတွင် ထားရှိမည့် မဲရုံကိုယ်စားလှယ်လောင်း()ယောက်၏စရိတ်သည် တနေ့စာအတွက် ၃၀၀၀ကျပ်ကျသင့်မည်ဖြစ်သည်။မဲပေးနိုင်မည့်လူဦးရေ(၅၀၀၀၀)ရှိသောမြို့နယ်တမြို့နယ်တွင် မဲရုံပေါင်း(၁၆၅)ရုံရှိမည်ဖြစ်ပြီးထိုနေ့အတွက် ကိုယ်စားလှယ်လောင်းတဦးကုန်ကျစရိတ်မှာ ()သိန်း ရှိမည်ဖြစ်သည်။
                       သေချာစွာကြည့်လျှင် ၂၀၁၀ရွေးကောက်ပွဲတွင်ဝင်ရောက်ယှဉ်ပြိုင်မည့်ကိုယ်စားလှယ်လောင်းတစ်ဦးသည်  အနည်းဆုံး (၃၃သိန်း)ကုန်ကျမည်ဖြစ်သည်ကိုတွေ့ရသည်။
                       ကျွန်တော်တို့စဉ်းစားရမည်မှာ ကိုယ်စားလှယ်လောင်းတဦးသည် ဤမျှလောက်ငွေကြေးအင်အားရှိပါမည်လော?
                        ရှိသည့်လူတွေလည်းရှိပါသည်။သို့သော်နှစ်ပေါင်းများစွာ ဒီမိုကရေစီနှင့်လူ့အခွင့်အရေးအတွက် တိုက်ပွဲဝင်ခဲ့သောလူတယောက်အဖို့ ဤမျှလောက်ငွေကြေးအင်အားကိုမရှာဖွေနိုင်ပါ။
                      ထို့ကြောင့်   ကျွန်တော်တို့လုပ်ပေးနိုင်သည့်အရာမှာ မိမိတို့၏မိသားစု၊သူငယ်ချင်း၊ဆွေမျိုး၊ပတ်ဝန်းကျင်တွင် ၀င်ရောက်ယှဉ်ပြိုင်မည်ဖြစ်သောကိုယ်စားလှယ်အား သူ၏နောက်ကြောင်းရာဇ၀င်၊သူ၏အရည်အချင်းအား လေ့လာ၍ ထိုသူလိုအပ်သော လိုအပ်ချက်ကိုထောက်ပံ့ပေးနိင်လျှင် ပြည်သူတစ်ယောက်၏တာဝန်ကျေပွန်မည်ဖြစ်သည်။ပြည်သူတစ်ယောက်အနေဖြင့် အလုပ်ရှုပ်ခံမလေ့လာလိုလျှင်မှု တိုင်းပြည်အကျိုးကိုအမှန်တကယ်ဆောင်ရွက်ပေးနိုင်မည်ဟုထင်မြင်သောပါတီတရပ်ရပ်အား လိုအပ်သောအကူအညီထောက်ပံ့သင့်ပါသည်။
                     ပြည်သူများသည် ၎င်းတို့နှင့်ထိုက်တန်သောအစိုးရတစ်ရပ်ရရှိစေရန် ၎င်းတို့ကိုယ်တိုင် ကြိုးစားမှရမည်ဟုထင်မြင်မိကြောင်း....................


                                                                               Ywarsaw Gyi

NDF





ဒီနေ့၁၈၊၉၊၂၀၁၀ အမျိုးသားဒီမိုကရေစီအင်အားစုရဲ့အောက်မြန်မာပြည်    လွှတ်တော်ကိုယ်စားလှယ်လောင်းများတွေ့ဆုံဆွေးနွေးပွဲ NDF ရုံးချုတ်တွင်ကျင်းပသည်။