Saturday 28 August 2010

အမျိုးသားဒီမိုကရေစီအင်အားစုဒုတိယခေါင်းဆောင်ဦးသိန်းညွန့်၏အင်တာဗျူး

အမျိုးသားဒီမိုကရေစီအင်အားစုဒုတိယခေါင်းဆောင်ဦးသိန်းညွန့်၏အင်တာဗျူး

စစ်မှန်တဲ့ နိုင်ငံရေးသမားဆိုရင် လူထုအဆုံးအဖြတ်ကို ခံယူရဲရမယ် - ဦးသိန်းညွန့် (သင်္ဃန်းကျွန်းမဲဆန္ဒနယ်မှ ၀င်ရောက်အရွေးခံမည့်သူ)
နိုဝင်ဘာ ၇ရက်တွင် ပါတီစုံဒီမိုကရေစီအ ထွေထွေရွေးကောက်ပွဲကျင်းပမည်ဟု ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်က ကြေညာပြီးနောက် နိုင်ငံ ရေးပါတီအသီးသီးမှ ရွေးကောက်ပွဲဝင်မည့်ကိုယ်စား လှယ်လောင်းများအနေဖြင့် ယခုအခါ မဲဆွယ်စည်းရုံး ရေးလုပ်ငန်းများအတွက် ကြိုတင်ပြင်ဆင်နေကြပြီဖြစ် သည်။ ယခုတစ်ပတ် ဖလားဝါးနယူးစ်မှ တွေ့ဆုံမေး မြန်းထားသည့်ကိုယ်စားလှယ်လောင်းတစ်ဦးမှာ အမျိုး သားဒီမိုကရေစီအင်အားစုပါတီ NDF မှ ပြောရေးဆို ခွင့်ရှိသူ ဦးသိန်းညွန့်ဖြစ်သည်။ သူသည် ယခုရွေး ကောက်ပွဲတွင် သင်္ဃန်းကျွန်းမြို့နယ် မဲဆန္ဒနယ်မှ ၀င် ရောက်ယှဉ်ပြိုင်မည်ဖြစ်သည်။

မေး- အရင်ဆုံး သိချင်တာက အခုကော်မရှင်က နိုဝင်ဘာမှာ ရွေးကောက်ပွဲလုပ်မယ်ဆိုတာ ကြေညာ လိုက်ပြီ။ အဲဒီတော့ အန်ကယ်တို့ NDF က ကိုယ် စားလှယ်လောင်း ဘယ်နှဦးလောက် ရွေးကောက်ပွဲ ၀င်မှာလဲ။

ဖြေ- မြို့နယ်ပေါင်း ၅၀နဲ့တော့ ဆက်သွယ်ထားမယ် လို့ ပြောတယ်။ ဘယ်လောက်အဆင်သင့်ဖြစ်မယ်ဆို တာ မပြောနိုင်သေးဘူး။

မေး- အန်ကယ်က သင်္ဃန်းကျွန်းကနေပြီး ပြန်အရွေးခံ မယ်လို့ ဆိုထားပါတယ်။ အမှန်ပဲလား။

ဖြေ- ဟုတ်တယ်။ ပြည်သူ့လွှတ်တော်အတွက် ၀င် အရွေးခံမယ်။ ဒုတိယအကြိမ် ပြည်သူ့ဆီက လုပ်ပိုင် ခွင့်ကို တောင်းခံမှာပါ။ တစ်ခုပြောချင်တာ ကျွန်တော် နဲ့အတူ တိုင်းဒေသကြီး လွှတ်တော်အတွက် သင်္ဃန်း ကျွန်းက ၀င်ပြိုင်မယ့် လူနှစ်ဦးရှိတယ်။ တစ်ဦးက အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်မှာ နှစ် ၂၀ကျော် လုပ် ခဲ့တဲ့ ဦးကျော် (၆၅)နှစ်၊ သူက ရှေ့နေဟောင်း။ ပြီး တော့ ကိုသော်တာ (၄၅)နှစ်၊ သူက အရင်ကျောင်း သားခေါင်းဆောင်ဟောင်း သူတို့လည်း ပါတယ်။

မေး- ၁၉၉၀တုန်းက သင်္ဃန်းကျွန်းကနေ ၀င်အရွေးခံ မယ်ဆိုတဲ့အခါ နှစ် ၂၀အတွင်း သင်္ဃန်းကျွန်းမှာရှိတဲ့ ပြည်သူတွေကရော အန်ကယ့်ကို သိကြသေးရဲ့လား။

ဖြေ- ၁၉၉၀တုန်းက သင်္ဃန်းကျွန်းမှာ လူဦးရေ ၇၅၀၀၀ ကျော်ရှိတယ်။ အခုတစ်သိန်းကျော်နေပြီ။ အရင်ကျွန် တော်တို့ မဲပေးခဲ့တဲ့ သင်္ဃန်းကျွန်းပြည်သူအများစုက မြို့သစ်တွေဘက်ကို ပြောင်းကုန်ကြပြီ။ တချို့ရပ်ကွက် တွေဆိုရင် ရပ်ကွက်အလိုက် ပျောက်ကုန်တာတွေရှိ တယ်။ အခုအများစုက လူသစ်တွေ၊ ဟိုအရင်က မဲပေး ခွင့်မရသေးတဲ့ လူသစ်တွေ အများကြီးပေါ်လာတယ်။

မေး- အခုတစ်ခါတော့ ခက်ခဲမယ်ဆိုပါတော့။ အဲသလို လား။

ဖြေ- အရင်က မြေပြန့်ခရီး၊ အခုက တောင်တက်ခရီး နှင်ရမယ်။ အဲဒီတော့ နိုင်ရင် နှစ်ခါနိုင်မယ်။ ရှုံးရင် နိုင်ငံရေးရင့်ကျက်မှုရမယ်။ အခုတချို့ ဒီမိုကရေစီ အင်အားစုတွေကလဲ ရွေးကောက်ပွဲနဲ့ ပတ်သက်ပြီး မတူတဲ့ လမ်းကြောင်းတွေ တင်နေတော့ ကိုယ့်ဘက် က မဲတွေကတော့ ၉၀တုန်းက အခြေအနေတော့ရှိမှာ မဟုတ်ဘူး။

မေး- အခုနိုဝင်ဘာ ၇ရက်ရွေးကောက်ပွဲဆိုတော့ တချို့နိုင်ငံရေးသမားနဲ့ နိုင်ငံရေးပါတီတွေ ဘယ်အကျိုး သက်ရောက်မှုရှိမယ်ထင်လဲ။

ဖြေ- ပြင်ဆင်မှုမရှိတဲ့ လူတိုင်းကို ထိခိုက်မှာပဲ။ ကျွန်တော်ကတော့ အခုရွေးကောက်ပွဲအောင်နိုင်ရေး ကော်မတီဖွဲ့ပြီးပြီ။

မေး- လူထုနဲ့ ဘယ်လိုထိတွေ့နေသလဲ။

ဖြေ- အခုသာရေးကိစ္စတွေကနေ ထိတွေ့တယ်။ သက် ဆိုင်ရာက စည်းရုံးလှုပ်ရှားခွင့်ပေးတဲ့အခါ အပတ်စဉ် လူထုကြီးနဲ့ ထိတွေ့မယ်။

မေး- အခုအန်ကယ်ဝင်အရွေးခံမယ့် သင်္ဃန်းကျွန်းမဲ ဆန္ဒနယ်က ပြည်သူတွေကို ဘယ်လိုနည်းဗျူဟာတွေ သုံးပြီး စည်းရုံးမလဲ။

ဖြေ- ၁၉၉၀တုန်းက လုပ်ခဲ့တဲ့ ပုံစံပါပဲ။ တစ်အိမ်တက် တစ်အိမ်ဆင်းသွားမယ်။ လူထုနဲ့ တိုက်ရိုက်ထိတွေ့ မယ်။ သူတို့မေးတာကို ဖြေမယ်။ လူထုကို ကိုယ်တိုင် ဖြေမယ်။ စည်းရုံးလှုပ်ရှားခွင့်ကာလမှ ဒီမိုကရေစီ ဘောင်ကို ဒီ့ထက်ပိုချဲ့ပေးခဲ့ရင် ကျွန်တော်တို့ အသက် အရွယ်နဲ့ ဂျစ်ကားပေါ်ကနေ တရားဟောခွင့်ရရင် ဟောချင်တယ်။

မေး- သူတို့ကို ဘယ်လိုအာမခံချက်တွေ ပေးနိုင်မလဲ။

ဖြေ- အဓိကကတော့ ပြည်သူတွေ အခုထက် ပို ကောင်းတဲ့ဘ၀ဖြစ်အောင်၊ အဲဒီဘ၀ကို လူထုက ရိုးရိုးသားသားလိုချင်တယ်။ ပြီးတော့ လူ့အခွင့်အရေး ဆိုရင်လဲ အများကြီးမဟုတ်တောင် အာရှစံနှုန်းလောက် တော့ ရစေချင်တယ်။

မေး- နှစ် ၂၀လောက် ရွေးကောက်ပွဲနဲ့ ဝေးခဲ့ရတဲ့ ပြည်သူတွေကို အခုရထားတဲ့ သုံးလအတွင်း စည်းရုံး နိုင်ဖို့ဆိုတာ အန်ကယ်တို့ ကိုယ်စားလှယ်တွေအနေနဲ့ လွယ်ကူပါ့မလား။

ဖြေ- နိုင်ငံရေးဆိုတာ ထောင်တံခါးတွေ အမြဲတမ်းဖွင့် ထားတဲ့ အလုပ်မဟုတ်ဘူးဆိုတာ ပြောပြရမယ်။

မေး- မဲဆွယ်စရိတ်အတွက် ရန်ပုံငွေဘယ်လိုရှာမလဲ။

ဖြေ- အလှူခံရမယ်။ ကိုယ့်အပေါ်မှာ နားလည်တဲ့လူ တွေဆီကနေ အလှူခံရမှာပဲ။ နှစ် ၂၀လုံးလုံး နိုင်ငံ ရေးလုပ်ခဲ့တော့ ဘာမျှမကျန်တော့ဘူး။

မေး- ကိုယ်နဲ့ယှဉ်ပြိုင်ဘက်တွေကို ဘယ်လိုသဘော ထားမလဲ။

ဖြေ- ဒီမိုကရေစီစနစ်မှာ ရွေးကောက်ပွဲဝင်ရင် ပြိုင် ဘက်ပါတီနဲ့ ယှဉ်ရမှာပဲ။ ပြိုင်ဘက်က ရန်သူမဟုတ် ဘူး။ ကိုယ့်ရဲ့အမြင်ကို ကိုယ်တင်ပြပါ။ ကျွန်တော်တို့ လဲ တင်ပြပါမယ်။ စစ်မှန်တဲ့ နိုင်ငံရေးသမားဆိုရင် လူထုအဆုံးအဖြတ်ကို ခံယူရဲရမယ်။

List if Pyithu hluttaw Canditates



List if Pyithu hluttaw Canditates


(၁) ကမာရွတ် ဦးကျော်မင်းလှိုင်

(၂) ကွမ်းခြံကုန်း ဦးတင်လင်း

(၃) ကျောက်တံတား ဦးသန်းထွန်း

(၄) ကျောက်တန်း ဦးကြည်ဆန်း

(၅) ကြည့်မြင်တိုင် ဦးလှမျိုး

(၆) စမ်းချောင်း ဦးစိုးဝင်း

(၇) တွံတေး ဒေါ်သော်တာဆိုင်

(၈) တိုက်ကြီး ဦးဦးမြင့်

(၉) ထန်းတပင် ဦးမိုးကျော်

(၁၀) ဒဂုံ (မြောက်) ဒေါ်တင်နွယ်ဦး

(၁၁) ဒဂုံ (တောင်) ဦးကျော်ဇေယျာဝင်း

(၁၂) ဒဂုံဆိပ်ကမ်း ဦးဘုန်းမြင့်

(၁၃) ဒဂုံ (အရှေ့) ဦးကြီးမြင့်

(၁၄) ပုဇွန်တောင် ဦးအောင်ဇင်

(၁၅) ဗဟန်း ဦးအောင်မြတ်ထွန်း

(၁၆) ဗိုလ်တထောင် ဦးမင်းအောင်

(၁၇) မရမ်းကုန်း ဒေါ်ခင်ဖြူဖြူငြိမ်း

(၁၈) ရန်ကင်း ဦးမျိုးသန့်

(၁၉) ရွှေပြည်သာ ဦးသက်ဇော်ဦး

(၂၀) လသာ ဦးကြည်မြင့်

(၂၁) လမ်းမတော် ဦးခင်မောင်ဝင်း

(၂၂) လှည်းကူး ဦးမြင့်ခိုင်

(၂၃) လှိုင် ဦးခင်ကျော်

(၂၄) သာကေတ ဦးတင့်ဝေ

(၂၅) သင်္ဃန်းကျွန်း ဦးသိန်းညွှန့်

(၂၆) သန်လျင် ဦးအောင်နိုင်ထွန်း

(၂၇) အလုံ ဦးခင်မောင်ရီ

(၂၈) မြောက်ဥက္ကလာ ဒေါက်တာသန်းဝင်း

(၂၉) ဒေါပုံ ဦးမင်းမင်းထွန်း

(၃၀) ဒလ ဦးအောင်ကျော်ဝင်း

(၃၁) ဒဂုံ ဦးသာမြင့်ထူး

(၃၂) ကော့မှူး ဦးမြင့်သောင်း

(၃၃) တောင်ဥက္ကလာ ဒေါ်ကမ်းခန့်ဒိမ်း






Top of Form


Bottom of Form

နယ်သတင်း

ကျိုင်းတုံခရိုင်မှNDFကိုယ်စားလှယ်မြို့နယ်၉မြို့နယ်ရွေးကောက်ပွဲကော်မရှင်ထံ
သောကြာနေ့ကတင်ပြီးပြီလို့သတင်းရပါတယ်။

Saturday 21 August 2010

Tuesday 17 August 2010

အမျိုးသားဒီမိုကရေစီအင်အားစုနိုင်ငံရေးဦးဆောင်အဖွဲ့ ဒုတိယခေါင်းဆောင်ဦးသိန်းညွန့်၏ Flawer News ဂျာနယ်မှအင်တာဗျူး

အမျိုးသားဒီမိုကရေစီအင်အားစုနိုင်ငံရေးဦးဆောင်အဖွဲ့ ဒုတိယခေါင်းဆောင်ဦးသိန်းညွန့်၏ Flawer News ဂျာနယ်မှအင်တာဗျူး









အမျိုးသားဒီမိုကရေစီအင်အားစု





အမျိုးသားဒီမိုကရေစီအင်အားစု ဌာနချုတ်ရုံးဖွင့်ပွဲ














အမျိုးသားဒီမိုကရေစီအင်အားစု












အမျိုးသားဒီမိုကရေစီအင်အားစုခေါင်းဆောင်များဌာနချုတ်ရုံးဖွင့်ပွဲ













အမျိုးသားဒီမိုကရေစီအင်အားစုဌာနချုတ်ရုံးဖွင့်ပွဲ
















အမျိုးသားဒီမိုကရေစီအင်အားစုခေါင်းဆောင်များ













အမျိုးသားဒီမိုကရေစီအင်အားစု















သံတမန်များနှင့်
























အမျိုးသားဒီမိုကရေစီအင်အားစုနိုင်ငံရေးဦးဆောင်အဖွဲ့ဒုတိယခေါင်းဆောင်ဦးသိန်းညွန့်နှင့် သတင်းမီဒီယာများ


























သတင်းမီဒီယာများနှင့်တွေ့ဆုံပွဲ
















အမျိုးသားဒီမိုကရေစီအင်အားစုနိုင်ငံရေးဦးဆောင်အဖွဲ့ခေါင်းဆောင်ဦးခင်မောင်ဆွေနှင့်သတင်းမီဒီယာများ